“ဥပဒေရေးရာဝန်ကြီးဌာန ရက်(၁၀၀)စီမံကိန်းပါ စံနမူနာ ရှေ့ပြေးဥပဒေရုံး(Pilot Law Office)များ သတ်မှတ် ဆောင်ရွက်”

14 May

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား အစိုးရသစ် ရက် ၁၀၀ အတွင်း ရှေ့ပြေး ဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန် လျာထားခဲ့ပြီး မေလ ၁၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံး(Pilot Law Office) များအဖြစ် သတ်မှတ်ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ရှေ့ပြေးဥပဒေရုံး(Pilot Law Office)ဖွင့်လှစ်ခြင်းကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦး က ဆောင်ရွက်ပေးခဲ့ကြပြီး ရုံးလုပ်ငန်းများဆောင်ရွက်သောအခါ မှတ်ပုံတင်ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာပေးပို့ခြင်း စသည်တို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန်၊ အမှုလိုက် ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာအသုံးပြုကာ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်ရန် ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြိုတွေ့ဆုံမေးမြန်းခြင်း(Pre-Trial Interview, PTI)များကို ဆောင်ရွက် နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းများကို ပြောကြားပြီး ရှေ့ပြေးဥပဒေရုံး(Pilot Law Office) သတ်မှတ်သည့် မြို့နယ် ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ ယခင်စံနမူနာ ရှေ့ပြေးဥပဒေရုံးများအဖြစ် ခရိုင်ဥပဒေရုံး ၂၁ ရုံး၊ မြို့နယ်ဥပဒေရုံး ခုနစ်ရုံးတို့ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ယခုအခါမှာ နေပြည်တော်ရှိ မြို့နယ်ဥပဒေရုံးလေးရုံးကို စံနမူနာရှေ့ပြေးဥပဒေရုံးများအဖြစ် သတ်မှတ်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

14 May

ADVERTISE HERE .