“ဟန်တာဗိုင်းရပ်စ် ရင်ဆိုင်ရေးလုပ်ငန်းများ မပြီးဆုံးသေး ဟု WHO ဆို”

14 May

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသော Hondius အပျော်စီးသင်္ဘောပါ လူပုဂ္ဂိုလ်များကို ရွှေ့ပြောင်းရေး လှုပ်ရှားမှု လုပ်ဆောင်ပြီးနောက် လက်ရှိတွင် ပမာဏပိုမိုများပြားသော ကပ်ရောဂါဖြစ်ပွားမှု အလားအလာမရှိ သေးကြောင်း၊ သို့သော် သက်ဆိုင်ရာရင်ဆိုင်မှုလုပ်ငန်းများ မပြီးဆုံးသေးကြောင်း၊ ခန့်မှန်းခြေ လာမည့်သီတင်းပတ် အနည်းငယ်အတွင်း၌ လူနာအသစ်တိုးလာနိုင်ခြေ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြား ရေးမှူးချုပ် တက်ဒရော့စ် က မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ တက်ဒရော့စ်နှင့် စပိန်နိုင်ငံဝန်ကြီးချုပ် Pedro Sanchez တို့သည် ထိုနေ့တွင် စပိန်နိုင်ငံဝန်ကြီးချုပ်ရုံး မွန်ကလိုအာနန်းတော်တွင် သတင်းစာရှင်းလင်းပွဲ အတူတကွကျင်းပခဲ့သည်။ တက်ဒရော့စ် က စပိန်နိုင်ငံအစိုးရ အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောအား လက်ခံပြီး လူပုဂ္ဂိုလ်များ ရွှေ့ပြောင်းရေးလုပ်ငန်း စီစဉ်ပေးမှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ကာ တစ်ချိန်တည်းတွင် လက်ရှိ၌ လုပ်ငန်းများမပြီးဆုံးသေးကြောင်း၊ WHO အနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး သင်္ဘောပေါ်မှ ရွှေ့ပြောင်း သွားသူများ၏ ကျန်းမာရေးအခြေအနေကို ခြေရာခံစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားဆိုခဲ့သည်။ တက်ဒရော့စ် က လက်ရှိအထိ ဟန်တာဗိုင်းရပ်စ်ကူးစက်သူ ၁၁ ဦးရှိကြောင်း အစီရင်ခံတင်ပြမှုရှိပြီဖြစ်ကာ အားလုံးသည် ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောပေါ်မှ လူပုဂ္ဂိုလ်များဖြစ်ပြီး ၎င်းအနက် ၃ ဦးမှာ သေဆုံးပြီး ဖြစ်ကြောင်း၊ လူနာ ၁၁ ဦးတွင် ၉ ဦးသည် ဟန်တာဗိုင်းရပ်စ် မျိုးဗီဇအုပ်စုဝင် အန်ဒီးစ်ဗိုင်းရပ်စ်ကူးစက်သည်ဟု အတည်ပြုထားပြီးဖြစ်ကာ အခြား ၂ ဦးကမူ သံသယလူနာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ပိုမိုကျယ်ပြန့်သော ကူးစက်မှုတစ်ကြိမ် ဖြစ်ပွားနိုင်သည့် အလားအလာ မတွေ့မြင်ရကြောင်း၊ WHO အနေဖြင့် ယခုအကြိမ်ဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံး အများပြည်သူကျန်းမာရေးအပေါ် ဖြစ်စေနိုင်သည့် အန္တရာယ်သည် အခြေအနေတစ်ရပ်လုံးအရ အတန်အသင့်နည်းပါးသေးသည်ဟု သုံးသပ်ထားဆဲဖြစ်ကြောင်း၊ သို့သော် ဗိုင်းရပ်စ်၏ ရောဂါပျိုးကာလ အတန်အသင့်ရှည်ကြာသဖြင့် အနာဂတ်သီတင်းပတ်အနည်းငယ်အတွင်း၌ အတည်ပြု လူနာအသစ် တိုးလာနိုင်ခြေရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ WHO အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော အပျော်စီးသင်္ဘောပေါ်မှ ရွှေ့ပြောင်းသွားသူအားလုံးက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်သော အန္တရာယ်နှင့် ထိတွေ့နိုင်ခြေရှိသည့် နောက်ဆုံးနေ့မှစ၍ သတ်မှတ်ထားသော သီးခြား ကွာရန်တင်းနေထိုင်ရန် အဆောက်အအုံ သို့မဟုတ် နေအိမ်အတွင်း၌ ၄၂ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်မှုခံယူရန် အကြံပြုကြောင်း တက်ဒရော့စ် က ပြောကြားခဲ့သည်။ Pedro Sanchez က စပိန်နိုင်ငံအနေဖြင့် အထူးလေယာဉ် ၁၀ ကြိမ်စီစဉ်ကာ မတူညီသောနိုင်ငံများမှ လူပုဂ္ဂိုလ် ၁၂၀ ကျော် ရွှေ့ပြောင်းရေးလုပ်ငန်းကို လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားသော သင်္ဘောပေါ်မှ ရွှေ့ပြောင်းလာသူအားလုံးသည် စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

14 May

ADVERTISE HERE .