“ကိုပါအီတာလီယာချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ရရှိခဲ့တဲ့ အင်တာမီလန်အသင်း”
14 May
အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာချန်ပီယံဆု ထပ်မံဆွတ်ခူးပြီး ပြည်တွင်းဖလားနှစ်လုံး ပိုင်ဆိုင်ခဲ့ ပါတယ်။ ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းက လာဇီယိုအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ အင်တာမီလန်အသင်းရဲ့ သွင်းဂိုးတွေကို ၁၄ မိနစ်မှာ လာဇီယိုကစားသမား မာရူရှစ် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး ၃၅ မိနစ်မှာ လော်တာရိုမာတီနက်ဇ် က ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ အင်တာမီလန်အသင်း ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက် ပြည်တွင်းဖလားနှစ်လုံးကို ၁၆ နှစ်ကြာမှ တစ်ပြိုင်နက်ပြန်လည်ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာ ပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ရရှိခဲ့ပါတယ်။ (NVS 008)
14 May