“လိဂ်ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲမှာတွေ့ဆုံနေတဲ့ ဟားလ်စီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်း”

14 May

လိဂ်ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲမှာ ဟားလ်စီးတီးနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။ အဆိုပါဗိုလ်လုပွဲက လာမယ့်ရာသီ ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာအတွက် အဆုံးအဖြတ် တစ်ခုဖြစ်ပါတယ်။ Play-off ဆီမီးဖိုင်နယ်မှာ ဟားလ်စီးတီး က မီဝေါလ်ကို နှစ်ကျော့ပေါင်း ၂ ဂိုးပြတ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဆောက်သမ်တန်အသင်းကတော့ မစ်ဒယ်ဘရော့အသင်းနဲ့ အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူကာ ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆောက်သမ်တန်အသင်းက အဆင့်(၄)နေရာရရှိခဲ့ပြီး ဟားလ်စီးတီး က အဆင့်(၆)နေရာ သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် Play-off ဗိုလ်လုပွဲကို မေလ ၂၃ ရက်စနေနေ့တွင် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိဖို့ ဆောက်သမ်တန်အသင်းက ပိုပြီးရေပန်းစားနေပါတယ်။ ဆောက်သမ်တန်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ (NVS 008)

14 May

ADVERTISE HERE .