“နှစ်ပေါင်း(၂၁)နှစ်ကြာမှ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့တဲ့ ဘက်တစ်အသင်း”
14 May
လာလီဂါကလပ် ဘက်တစ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး နှစ်ပေါင်း ၂၁ နှစ်ကြာမှ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဘက်တစ်အသင်းဟာ လာလီဂါပွဲစဉ်(၃၆)အဖြစ် အယ်လ်ချီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အဆင့်(၅)နေရာရရှိဖို့ သေချာသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖြေထွက်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ လာလီဂါက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိမှာဖြစ်ပြီး ချန်ပီယံဘာစီလိုနာအသင်းနဲ့အတူ ရီးရဲလ်၊ ဗီလာရီးရဲလ်၊ အက်သလက်တီကိုနဲ့ ဘက်တစ်အသင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘက်တစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၀၅-၀၆ ရာသီမှာတစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးတာကြောင့် လာမယ့်ရာသီက ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)
14 May