“အမှတ်ပေးချန်ပီယံဆုအတွက် နောက်ဆုံးပိတ်အထိ ရင်ခုန်ရတော့မယ့် အယ်လ်နာဆာအသင်း”

14 May

အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်ရဲ့ ချန်ပီယံအဆုံးအဖြတ်ပွဲ ဖြစ်သွားနိုင်မယ့်အခွင့်အရေးကို လက်လွှတ် ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်နာဆာအသင်းနှင့် အယ်လ်ဟီလာအသင်း ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အယ်လ်နာဆာအသင်းက ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာ ချေပဂိုး ပြန်လည်ပေးခဲ့ရတာကြောင့် အယ်လ်နာဆာအသင်းအနေနဲ့ ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပြီး ချန်ပီယံအဆုံးအဖြတ် အတွက် ရာသီပိတ်ပွဲစဉ်အထိ စောင့်ရတော့မှာ ဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ လက်ကျန်တစ်ပွဲသာ ရှိတော့ပြီး ၈၃ မှတ် ရရှိထားပါတယ်။ အယ်လ်ဟီလာအသင်းကတော့ နှစ်ပွဲကစားဖို့ ကျန်နေသေးပြီး အယ်လ်နာဆာအသင်းနဲ့ ငါးမှတ် ကွာဟနေပါတယ်။ အယ်လ်နာဆာအသင်းက နောက်ဆုံးပွဲမှာ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဒါမက် နဲ့ အိမ်ကွင်းကစားရမှာဖြစ်ပြီး အယ်လ်ဟီလာအသင်းကတော့ အမှတ်မလိုတဲ့ အယ်လ်ဖေဟာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)

14 May

ADVERTISE HERE .