“ဘရာဇီးလ်အသင်းရဲ့ ပဏာမ ၅၅ ဦးစာရင်းမှာ ပါဝင်လာတဲ့ နေမာ"

14 May

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီ က ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပဏာမ ၅၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ဝါရင့်တိုက်စစ်ကစားသမား နေမာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် နေမာ ရဲ့ လက်ရှိကြံ့ခိုင်မှု အခြေအနေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မသေမချာအနေအထား ဖြစ်နေပါတယ်။ နေမာ အနေနဲ့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရင်တော့ လေးကြိမ်မြောက် ဆင်နွှဲခွင့်ရတာ ဖြစ်လာပါလိမ့်မယ်။ နေမာ ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ဥရုဂွေးအသင်းနဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရပြီးကတည်းက လက်ရွေးစင်အသင်းနဲ့ ကင်းကွာနေပါတယ်။ နေမာ ဟာ အခုနှစ်အတွင်း ဆန်းတို့စ်အသင်းအတွက် ၁၃ ပွဲကစားရာမှာ ခြောက်ဂိုး သွင်းယူထားပါတယ်။ နေမာ အနေနဲ့ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲကစားကာ ၇၉ ဂိုးနဲ့ အသင်းသမိုင်း တစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်ပါတယ်။ လက်ရှိ ဘရာဇီးလ်အသင်း တိုက်စစ် ကစားသမားတွေထဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့အထက် သွင်းယူထားသူမှာ ရစ်ချာလီဆန် နဲ့ ရာဖင်ညာ တို့ပဲရှိပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦးစာရင်းကို မေလ ၁၈ ရက်မှာ ထုတ်ပြန်ပါလိမ့်မယ်။ (NVS 008)

14 May

ADVERTISE HERE .