“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထိပ်သီးဆွေးနွေးမှုများလုပ်ဆောင်ရန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ”

14 May

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်သီးဆွေးနွေးမှုများ လုပ်ဆောင်ရန် မေလ ၁၃ ရက်ညပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒေါ်နယ်ထရမ့် သည် မေလ ၁၄ ရက် တွင် ရှီကျင့်ဖျင် နှင့် တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။ ဒေါ်နယ်ထရမ့် သည် တရုတ်နိုင်ငံသို့ လာရောက်စဉ် ရှီကျင့်ဖျင် အနေဖြင့် တရုတ်နိုင်ငံအတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် လမ်းဖွင့်ပေးရန်တောင်းဆိုထားသည်။ ထို့ပြင် လာမည့်ဆွေးနွေးပွဲ များတွင် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာဆက်ဆံရေး ပိုမိုခိုင်မာစေရေးအတွက် အဓိကထားဆွေးနွေးသွားမည် ဖြစ်ကြောင်း ထရမ့် က ပြောသည်။ ယခုခရီးစဉ်တွင် အမေရိကန်သမ္မတနှင့်အတူ Tesla နှင့် SpaceX လုပ်ငန်းများတည်ထောင်သူ အီလွန်မက်နှင့် Apple ကုမ္ပဏီ ၏ အမှုဆောင်ချုပ်တင်ကွတ် ကဲ့သို့သော ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာပြီး ရှီကျင့်ဖျင့် နှင့် ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သွားမည်ဟု ထရမ့် က လူမှုကွန်ရက်တွင်ရေးထားသည်။ ဒေါ်နယ်ထရမ့် သည် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် ၎င်း၏ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်း သိရသည်။

14 May

ADVERTISE HERE .