“မြန်မာနိုင်ငံနှင့် နီကာရာဂွာနိုင်ငံတို့အကြား ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး”
13 Mayပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွာနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား မေလ ၁၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ Naypyitaw State Academy ကျောင်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ အောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရပါတယ်။(NVS 004)
13 May