“တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ဇွန်လ ၂ ရက်တွင် ပြန်လည်စတင်မည်”

13 May

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ကြောင်း သက်ဆိုင်ရာလွှတ်တော်အသီးသီးမှ ထုတ်ပြန်ကြေညာထားရှိပါတယ်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးများသို့ ၂၀၂၆ ခုနှစ် မေလ ၃ဝ ရက် (စနေနေ့)ထက်မစော မေလ ၃၁ ရက်(တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြားယူဆောင်လာကြရန် ထုတ်ပြန်ထားရှိပါတယ်။(NVS 004)

13 May

ADVERTISE HERE .