“အီရန်နှင့်ဆွေးနွေးမှုရပ်တန့်နေစဉ် ဒေါ်နယ်ထရမ့် က လေကြောင်းတိုက်ခိုက်မှုပြန်လုပ်ရန် စဉ်းစားနေ”

13 May

အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်နေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုပြန်လုပ်ရန် စဉ်းစားနေကြောင်း Axios သတင်းဌာနက မေလ ၁၁ ရက်တွင် ဖော်ပြထားသည်။ အီရန်ဘက်မှ တင်ပြလာသည့် အချက်အလက်များသည် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် တစ်လကြာရရှိထားသည့် အပစ်အခတ်ရပ်စဲရေးမှာလည်း ပျက်ပြားလုနီးပါးဖြစ်နေကြောင်း ထရမ့် က ပြောသည်။ ဒေါ်နယ်ထရမ့်သည် ဟော်မုရေလက်ကြားမှ သင်္ဘောများကို လုံခြုံရေးပေးသည့် Project Freedom စစ်ဆင်ရေး ပြန်စတင်ရန်နှင့် ပင်တဂွန်စစ်ဌာနချုပ်က သတ်မှတ်ထားသော်လည်း မတိုက်ခိုက်ရသေးသည့် ကျန်ရှိနေသော ပစ်မှတ် ၂၅ ရာခိုင်နှုန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် အမျိုးသားလုံခြုံရေးအဖွဲ့နှင့် ဆွေးနွေးသွားမည်ဟု သတင်းဌာနကဖော်ပြထားသည်။ အီရန်သည် ၎င်း၏ဒုံးကျည်လက်နက် အများအပြားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို အနည်းဆုံးသုံးလမှ လေးလကြာအထိ တောင့်ခံနိုင်စွမ်းရှိသည်ဟု စီအိုင်အေ၏ ခန့်မှန်းချက်တွင် ဖော်ပြထားသည်ဟု တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။

13 May

ADVERTISE HERE .