ကုန်ဈေးနှုန်းသတင်း ၁၂.၅.၂၀၂၆

12 May

မေလ ၁၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲပုပ်ဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ပဲတီစိမ်းနဲ့ ဘိုကိတ်ပဲဈေးတွေလည်း အနည်းငယ် ကျဆင်း လာပါတယ်။ ပဲလွန်းဖြူဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၄,၉၅၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ကို ၁၀၅,၀၆၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၈၀ ကျပ်ကနေ ၅,၀၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၈၆၃ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၂၁၅ ကျပ်ကနေ ၁၀,၄၄၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ကြက်သွန်နီ(မုံရွာ) တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၂,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၈,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၁၅,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၁၁၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၀၀ ကျပ်၊ မန္တလေးမှာ ၄,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၄,၆၃၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၆၅၀ ကျပ်၊ မန္တလေးမှာ ၄,၈၄၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၀၅၀ ကျပ်၊ မန္တလေးမှာ ၅,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၅,၁၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၆,၀၇၀ ကျပ်၊ မန္တလေးမှာ ၆,၂၆၀ ကျပ်၊ နေပြည်တော်မှာ ၆,၂၀၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၂၀၀,၀၀၀ိ/-) ခုနစ်ဆယ် နှစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၅၅၀,၀၀၀ိ/-) တစ်ရာ ငါးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

12 May

ADVERTISE HERE .