“ယခုနှစ်ဘောလုံးရာသီမကုန်ဆုံးမီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိတဲ့ အသင်း ၁၈ သင်းထိရှိလာ”

12 May

ယခုနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်များ ပြိုင်ပွဲမပြီးဆုံးမီ လာမည့်နှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိတဲ့အသင်း ၁၈ သင်းထိရှိလာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ယခုနှစ်ဘောလုံးရာသီမှစတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပ နေပြီး ပြိုင်ပွဲဝင်အသင်း ၃၆ သင်းဖြင့် ကျင်းပနေခြင်းဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်များ ပြိုင်ပွဲပြီးဆုံးရန် နီးစပ်လာသည့်အချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိထားသည့် အသင်းများအဖြစ် ပရီးမီးယားလိဂ် မှ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူ၊ စပိန်လာလီဂါမှ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အေတီကို၊ ဗီလာရီးရဲလ်၊ ဂျာမန်ဘွန်ဒက်လီဂါမှ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်၊ အီတလီစီးရီးအေမှ အင်တာမီလန်၊ ပြင်သစ်လီဂူးဝမ်းမှ ပီအက်စ်ဂျီ၊ လန်း၊ နယ်သာလန်လိဂ်မှ ပီအက်စ်ဗွီ၊ ဖီယင်နု၊ တူကီယံလိဂ်မှ ဂါလာတာစာရေး၊ ယူကရိန်းလိဂ်မှ ရှက်တာဒိုးနက်၊ ပေါ်တူဂီလိဂ်မှ ပေါ်တိုအသင်း တို့ဝင်ခွင့်ရရှိထားခြင်းဖြစ်ပါတယ်။ လာမည့်နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် လက်ကျန် ၁၈ သင်းနေရာအတွက် ဥရောပထိပ်တန်း လိဂ်များ ပြီးဆုံးချိန်ထိ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ (NVS 008)

12 May

ADVERTISE HERE .