“ဗလာဟိုဗစ် ကို အသင်းတွင်ဆက်လက်ထားရှိမည်ဟု ဂျူဗင်တပ်အသင်းထုတ်ပြန်”
12 May
လာမည့်နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်ပြင်ဆင်နေ သည့် တိုက်စစ်မှူး ဗလာဟိုဗစ် ကို အသင်းတွင်ဆက်လက်ထားရှိမယ်လို့ ဂျူဗင်တပ်အသင်းက တရားဝင် ထုတ်ပြန်ခဲ့ကြောင်း Goal. com သတင်းဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းက လာမည့်ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ဗလာဟိုဗစ် ကို စာချုပ် သက်တမ်းတိုးရန် ဆွေးနွေးမှုပြုလုပ်နေသော်လည်း ကစားသမားအနေနဲ့ ဆုံးဖြတ်ချက်မပေးသေးဘဲ စာချုပ်သစ် အတွက် မရေမရာဖြစ်နေချိန်တွင် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက ဗလာဟိုဗစ် ကို အသင်းတွင်ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဗလာဟိုဗစ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲတွင် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန် နေရသော်လည်း နောက်ဆုံးကစားခဲ့သည့် အမှတ်ပေးပြိုင်ပွဲတွင် နှစ်ပွဲဆက်သွင်းဂိုးများ သွင်းယူခဲ့ပြီးနောက် အသင်းအနေဖြင့် အဆင့်(၃)နေရာသို့ တက်ရောက်နိုင်ခဲ့ကာ လာမည့်နှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိရန် နီးစပ်နေခဲ့လို့ တာဝန်ရှိသူများက ဗလာဟိုဗစ် ကို ဆက်လက်ထိန်းသိမ်းထားဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ဂျူဗင်တပ်အသင်းက စီးရီးအေအမှတ်ပေးဇယား အဆင့်(၃)နေရာတွင် ရပ်တည်နေသော်လည်း လက်ကျန်ပွဲစဉ်နှစ်ပွဲလုံး အနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။(NVS 008)