“လီဗာပူးအသင်းက အလွန်ဆို အား နည်းပြသစ်အဖြစ် ခန့်အပ်ရန်ဆွေးနွေး”
12 May
လီဗာပူးအသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း အလွန်ဆို အားခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရ ပါတယ်။ နည်းပြ အလွန်ဆို ဟာ လေဗာကူဆင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ပြီး ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ရလဒ်ကောင်းများရရှိသော်လည်း အသင်းမှကစားသမားများနှင့် ဆက်ဆံရေးတင်းမာမှုများရှိခဲ့လို့ ရာသီဝက်ကာလတွင် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ လီဗာပူးအသင်းကလည်း ယခုဘောလုံးရာသီတွင် နည်းပြ ဆလော့ လက်အောက်၌ ရလဒ်များမတည်မငြိမ် ဖြစ်နေခဲ့လို့ ရာသီအကုန်တွင် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် အသင်း ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အလွန်ဆို အားခန့်အပ်ရန် အသင်းတာဝန်ရှိသူများက ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။(NVS 008)