“ကြွက်သားဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်ဖွယ်ရှိတဲ့ ပူလီဆစ်”

12 May

အမေရိကန်အသင်းနှင့် အေစီမီလန်အသင်း တိုက်စစ်ကစားသမား ပူလီဆစ် ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိကြောင်း သိရပါတယ်။ ပူလီဆစ် အနေနဲ့ ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့လို့ တစ်လခန့်အနားယူရမှာဖြစ်လို့ အေစီမီလန် အသင်းနှင့်အတူ လက်ရှိဘောလုံးရာသီ လက်ကျန်ပွဲစဉ်များကို လွဲချော်မှာဖြစ်တဲ့အပြင် အမေရိကန်အသင်းနှင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားရန် မရေမရာဖြစ်လာခဲ့ပါတယ်။ ပူလီဆစ် က အမေရိကန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အေစီမီလန်အသင်းတွင် အရေးပါ သည့် ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ကာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အမေရိကန်အသင်းတွင်လည်း ၂၀၁၆ ခုနှစ်မှစတင်ကာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံး ၈၄ ပွဲတွင် ၃၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

12 May

ADVERTISE HERE .