“အီရန်၏သန့်စင်ပြီး ယူရေနီယံများကို သိမ်းယူမည်ဟု ထရမ့်ကတိပြု”

12 May

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဓိကတောင်းဆိုချက်တစ်ခုဖြစ်သော အီရန်၏ သန့်စင်ပြီးယူရေနီယံများကို တစ်ချိန်ချိန်တွင် သိမ်းယူမည်ဟု ကတိပြုလိုက်ကြောင်းသိရသည်။ အင်တာဗျူးတစ်ခုတွင် အမေရိကန်အနေဖြင့် အီရန်၏နျူကလီးယားများကို မရရှိသေးသည့် အခြေအနေအပေါ် မေးမြန်းရာတွင် ထရမ့် က “ကျွန်တော်တို့လိုချင်တာမှန်သမျှ တစ်ချိန်ချိန်ရမှာပါ” ဟု ပြန်ဖြေခဲ့ခြင်းဖြစ်သည်။ ထိုနေရာများကို အာကာသတပ်ဖွဲ့ဖြင့် စောင့်ကြည့်နေပြီး မည်သူမဆိုအနားကပ်လာပါက ဖျက်ဆီးပစ်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့သည် အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်မှုကို ကြိုတင် တားဆီးရန်ဟူသော အကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စစ်ပွဲကိုစတင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နောက်ဆုံးအဆိုပြုချက်၌ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရန်၊ ယူရေနီယံသန့်စင်မှုအားလုံးကို ရပ်တန့်ရန်နှင့် သိုလှောင်ထားသည့်ယူရေနီယံများကို စွန့်လွှတ်ရန် တောင်းဆိုထား သည်။ ရုရှားနိုင်ငံအနေဖြင့် အဆိုပါပစ္စည်းများကို ဖယ်ရှားရာတွင်ကူညီမည်ဟု ကမ်းလှမ်းထားသော်လည်း အီရန် ဘက်က ၎င်းတို့၏ယူရေနီယံများကို လွှဲပြောင်းရန်ငြင်းဆိုထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

12 May

ADVERTISE HERE .