“စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည်”

11 May

နိုင်ငံတော်အစိုးရ၏ ရက်(၁ဝဝ)စီမံချက်အရ တောင်သူများ၏ လယ်ယာထုတ်ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်ဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည့်နှုန်းထားများမှာ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်မှစတင်၍ ပြောင်းလဲ ထုတ်ချေးပေးမည်ဖြစ်ရာ စပါး၊ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ(မျိုးစေ့ထုတ်)၊ တစ်ဧကလျှင် ငွေကျပ် ၁၅ဝ,ဝဝဝ အစား ငွေကျပ် သုံးသိန်းနှင့် ပန်းနှမ်း၊ ဆီအုန်းနှင့် ဂုန်လျှော် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းအစား ငွေကျပ် တစ်သိန်းခွဲ တိုးမြှင့်ပေးသွားမှာဖြစ်ပြီး အခြားသီးနှံ ၁၈ မျိုးကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းအစား ငွေကျပ် နှစ်သိန်းခွဲ တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ချေးငွေအမျိုးအစားနှင့် ထုတ်ချေးကာလများမှာ မိုးချေးငွေ ၂၀၂၆ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိ၊ ဆောင်းချေးငွေ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ဇန်နဝါရီလကုန်အထိ၊ မိုးကြိုချေးငွေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် လယ်ယာသုံးစက်ကိရိယာအစီအစဉ်များမှာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများကိုလည်း ချေးငွေအဖြစ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာချေးငွေ အစီအစဉ်ကို တစ်ဦးလျှင် ချေးငွေပမာဏ ငွေကျပ်သိန်း ၁ဝဝ မှ ၅,၀၀၀ အထိ ကဏ္ဍနှစ်ရပ်ခွဲ၍ ချေးယူနိုင်ပါတယ်။ အဆိုပါအစီအစဉ်အရ ငွေကျပ်သိန်း ၁ဝဝ မှ ၃,ဝဝဝ အထိနှင့် ငွေကျပ်သိန်း ၃,ဝဝဝ မှ ငွေကျပ်သိန်း ၅,၀၀၀ အထိကို ကဏ္ဍအသီးသီးဖြင့် ချေးယူနိုင်ပြီး အတိုးနှုန်းအနေနဲ့ တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်း၊ ဆပ်ရမည့်ကာလမှာ တစ်နှစ်- သုံးနှစ်-ငါးနှစ်ကာလများအတိုင်း ရွေးချယ်၍ဆပ်နိုင်ကြောင်းသိရပါတယ်။ ချေးငွေလျှောက်ထားလိုသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ-၇ မူရင်းတင်ပြရမှာ ဖြစ်ပြီး တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေးထုတ်ချေးပေးမည်ဖြစ်ရာ ချေးငွေကို မေလ ၁၂ ရက်မှ စတင်ထုတ်ချေးပေးသွားမှာဖြစ်လို့ အသေးစိတ်သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခရိုင်၊ မြို့နယ်) ဘဏ်ခွဲများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

11 May

ADVERTISE HERE .