“ယခုဘဏ္ဍာနှစ် တစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် တစ်သောင်းကျော်တင်ပို့နိုင်”
11 May
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် တစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် တစ်သောင်းကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၈,၉၅၄ ဒသမ ၈၉၁ တန်တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၄၈ သန်းရရှိခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂,၄၈၆ ဒသမ ၇၃၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၀၆ သန်း ရရှိခဲ့ခြင်းကြောင့် ပြည်ပသို့ စုစုပေါင်းငါးမက်ထရစ်တန် ၁၁,၄၄၁ ဒသမ ၆၂၄ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၅၄ သန်းရရှိခဲ့ပါတယ်။ ပြည်တွင်းမှ ငါးအပါအဝင် အခြားရေထွက်ကုန်များလည်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်အစ တစ်လတာ ကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ်တန် ၁၈,၁၆၀ ဒသမ ၇၂၉ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးအစရှိတဲ့ ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန်နိုင်ငံ စတဲ့နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်မှုမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)