“အမေရိကန်-အီရန် ဆွေးနွေးမှုအခက်ကြုံခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာမြင့်တက်”

11 May

အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှု အခက်ကြုံနေခြင်းကြောင့် ဈေးကွက်အန္တရာယ်ပရီမီယံ မြင့်တက်စေခဲ့ရာ နိုင်ငံတကာရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် မေလ ၁၀ ရက်နှောင်းပိုင်း အရောင်းအဝယ် သီတင်းပတ်အသစ်စတင်ချိန်တွင် သိသိသာသာ မြင့်တက်ခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မေလ ၁၀ ရက် ၁၉ နာရီ ၁၀ မိနစ်အထိ နယူးယောက်ကုန်စည်ဒိုင်(NYMEX) ၏ ဇွန်လအတွက်ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၃၃ ဒေါ်လာဖြင့် ၃ ဒသမ ၀၅ ရာခိုင်နှုန်း ဈေးတက်ခဲ့သည်။ ဇူလိုင်လအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၄၂ ဒေါ်လာဖြင့် ၃ ဒသမ ၀၉ ရာခိုင်နှုန်း ဈေးတက်ခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က မေလ ၁၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်ဘက်ကတုံ့ပြန်မှုကို မကျေနပ်ကြောင်း၊ ယင်းမှာ လုံးဝလက်ခံနိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။ အီရန် သတင်းရုပ်သံဌာန(Press TV)၏ မေလ ၁၀ ရက် ညပိုင်းသတင်းများအရ အီရန်အနေဖြင့် အမေရိကန်ဘက်က အဆိုပြုသည့်အစီအစဉ်ကို ငြင်းပယ်ထားပြီးဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို သဘောတူခြင်းမှာ ထရမ့် ၏ တရားလွန် တောင်းဆိုချက်များအား အီရန်ဘက်က ဒူးထောက်လိုက်လျောလိုက်သည့် အဓိပ္ပာယ်ဖြစ်သည်ဟုယူဆကြောင်း သိရသည်။ အမေရိကန်နှင့် အီရန်တို့သည် ပေကျင်းစံတော်ချိန် ဧပြီလ ၈ ရက်တွင် အပစ်ရပ်ရေးဖော်ဆောင်ပြီးနောက် နှစ်ဖက်အကြားဆွေးနွေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ရာ ဈေးကွက်က နှစ်ဖက်အကြား အလွန်လျင်မြန်စွာ ရရှိမည့် သဘောတူညီချက်နှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေး ပြန်လည်ဖော်ဆောင်မည့်အပေါ် အကောင်းမြင်ခန့်မှန်းမှုများကို စိတ်ပျက်အားလျော့စေခဲ့သည်။ (Repost from Xinhua Myanmar)

11 May

ADVERTISE HERE .