“မြန်မာ့ဒူးရင်းပွဲတော်(၂ဝ၂၆)၌ မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထားပြသမည်”
10 May
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်း၌ မေလ ၁၉ ရက်တွင်ကျင်းပမည့် မြန်မာ့ဒူးရင်း ပွဲတော်(၂၀၂၆)၌ မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထားပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ အဆိုပါပွဲတော်ကို ပြည်ပပို့ကုန်တိုးမြှင့်ရန်၊ မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့် ဈေးကွက်ထိုးဖောက်ရန်၊ ခေတ်မီ စိုက်ပျိုးရေးစနစ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေးဖလှယ်ရန်၊ ဒူးရင်းသီးနှံဈေးကွက်ချဲ့ထွင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရန်၊ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးကောင်း ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပမှာဖြစ်ပါတယ်။ ထိုသို့ကျင်းပနိုင်ရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ၊ သီးနှံအသင်း/အစုအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများသိရှိစေရေး ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် အသိပေးဖိတ်ခေါ်ထားကြောင်း သိရပါတယ်။(NVS 004)