“ဦးခေါင်းဒဏ်ရာကြောင့် ဘာစီလိုနာအသင်းနှင့်ပွဲစဉ်ကို လွဲချော်မည့် ဗယ်ဗာဒီ”
09 May
ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဗယ်ဗာဒီ အနေနဲ့ အသင်းနှင့်ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ်တွင် အသင်းဖော်ကစားသမား ချူအာမန်နီ နှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် ဦးခေါင်းဒဏ်ရာရရှိခဲ့ရာ လာမည့် မေလ ၁၁ ရက်တွင် ကစားရမည့် ဘာစီလိုနာအသင်းနှင့် စပိန်လာလီဂါပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်တွင် ဗယ်ဗာဒီ က အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် အသင်းဖော်ကစားသမား ချူအာမန်နီနှင့် မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာ နဖူးတွင်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့က ဗယ်ဗာဒီ ရဲ့ဦးခေါင်းဒဏ်ရာကို စစ်ဆေးခဲ့ရာ ဒဏ်ရာအခြေအနေ ကောင်းမွန်သော်လည်း အနည်းဆုံး ရက်သတ္တနှစ်ပတ်ထိ အနားယူရမှာဖြစ်လို့ ဘာစီလိုနာအသင်းနှင့် ကစားရမည့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကစားသမားနှစ်ဦးလုံးကို ဒဏ်ကြေးငွေ ယူရိုငါးသိန်းစီပေးဆောင်စေ၍ အရေးယူခဲ့ကြောင်းသိရပါတယ်။(NVS 008)