“စပါး၊ ချဲလ်ဆီးနှင့် လီဗာပူးအသင်းတို့က ဘရိုက်တန်အသင်းမှ ဂျန်ပေါလ်ဗန်ဟက်ကီ ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စား”

09 May

စပါး၊ ချဲလ်ဆီးနှင့် လီဗာပူးအသင်းတို့က ဘရိုက်တန်အသင်း နောက်ခံကစားသမား ဂျန်ပေါလ်ဗန်ဟက်ကီ ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမား ဂျန်ပေါလ်ဗန်ဟက်ကီ အနေနဲ့ ဘရိုက်တန်အသင်းနှင့်အတူ လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲကစားပြီး သုံးဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စပါး၊ ချဲလ်ဆီးနှင့် လီဗာပူးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကလည်း ဂျန်ပေါလ်ဗန်ဟက်ကီ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ပေးချေမည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေပါတယ်။(NVS 008)

09 May

ADVERTISE HERE .