“နည်းပြ ဟာဇီလာ ကို ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ဘရိုက်တန်အသင်း”
09 May
ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းက ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ ဟာဇီလာ ကို ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း Goal.com သတင်းဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ နည်းပြ ဟာဇီလာ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘရိုက်တန်အသင်းကို စတင်တာဝန်ယူ ခဲ့ရာ ရာသီအကုန်တွင် အသင်းကို အမှတ်ပေးဇယားအဆင့်(၈)နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ် ပြိုင်ပွဲကိုပါ ဝင်ခွင့်ရရှိခဲ့အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီတွင်လည်း ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် အမှတ်ပေးဇယားအဆင့်(၈)သို့ ပို့ဆောင် ပေးနိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက ကာလရှည်လက်တွဲရန် စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)
09 May