“၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ထိပ်ဆုံးမှရေပန်းစားနေတဲ့ ဒမ်ဘီလီ”
09 May
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဒမ်ဘီလီ က အသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ထိပ်ဆုံးမှရေပန်းစားနေကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဒမ်ဘီလီ က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း ပီအက်စ်ဂျီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားအပါအဝင် အခြားဆုများစွာကို ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး နောက် ၂၀၂၅ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီအစပိုင်းတွင် ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းမှုများကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှုမရှိခဲ့သော်လည်း နောက်ပိုင်းတွင် အသင်းနှင့်အတူ ခြေစွမ်းကောင်းကိုပြသနေပြီး ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်တက်ရောက်နိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နောက် ၂၀၂၆ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားမှုစာရင်း၌ ဒမ်ဘီလီ ရဲ့နောက်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း၊ အိုလီဆီ၊ ဘာစီလိုနာအသင်းမှ လမိုင်းယာမယ်၊ အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်၊ ပီအက်စ်ဂျီအသင်းမှ ခါဗာရက်ခီလီယာ၊ ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘက်ပီ နဲ့ ဘိုင်ယန်မြူးနစ် အသင်းမှ လူးဝစ်ဒီယက် တို့ ပါဝင်နေကြောင်း သိရပါတယ်။(NVS 008)