“ဧပြီလအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်လတာအကောင်းဆုံးဆုများကို နည်းပြ ဂွါဒီယိုလာ၊ ဂစ်ဝှိုက်၊ မီတိုမာတို့ဆွတ်ခူး”
09 Mayဧပြီလအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်လတာအကောင်းဆုံးနည်းပြဆုကို မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာ၊ တစ်လတာအကောင်းဆုံး ကစားသမားဆုကို နော်တင်ဟမ်အသင်းမှ ဂစ်ဝှိုက် နဲ့ တစ်လတာအကောင်းဆုံး သွင်းဂိုးဆုကို ဘရိုက်တန်အသင်းမှ မီတိုမာ တို့က ဆွတ်ခူးခဲ့ကြောင်း Premier League. com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာ က ဧပြီလအတွင်း မန်စီးတီးအသင်းကို သုံးပွဲတာဝန်ယူကိုင်တွယ်ခဲ့ရာတွင် သုံးပွဲလုံးအနိုင် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့်ပွဲစဉ်များတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့် အာဆင်နယ် အသင်းကိုပါ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဧပြီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဧပြီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သည့် နော်တင်ဟမ်အသင်းမှ ဂစ်ဝှိုက် က ဧပြီလအတွင်း ဘန်လေအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးသုံးဂိုး၊ ဆန်းဒါးလန်း အသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ကြသူများကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်လတာအကောင်းဆုံး သွင်းဂိုးဆုကိုလည်း စပါးအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းယူခဲ့သည့်သွင်းဂိုး ဖြင့် ဘရိုက်တန်အသင်းကစားသမား မီတိုမာ က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။(NVS 008)