“ငွေတောင်ကမ်းခြေသို့ ဧပြီလအတွင်း ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်”

09 May

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ တင်းချောင်းကျေးရွာအနီးမှ ငွေတောင် ကမ်းခြေသို့ ဧပြီလအတွင်း ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရပါတယ်။ ငွေတော်ကမ်းခြေသို့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ခရီးသွားဧည့်သည် ၂၁၆၁၅ ဦးလာရောက်လည်ပတ်ခဲ့ပြီး ဧပြီလအတွင်း ခရီးသွားဧည့်သည် ၃၇၅၆၆ ဦးထိ ပိုမိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးသွားများအနေနဲ့ သင်္ကြန် ကာလအတွင်း ပိုမိုဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာလဲ လာရောက်လည်ပတ်နေသူများရှိသလို ခရီးသွားများ အပန်းဖြေလည်ပတ်ရာမှာ အဆင်ပြေစေဖို့အတွက် ဝန်ဆောင်မှုများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပါတယ်။ ငွေတောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး ဖြစ်ပြီး ခရီးသွားများ ခရီးစဉ်အဆင်ပြေစေရေး၊ သန့်ရှင်းမှုရရှိစေရေး၊ စနစ်တကျအနားယူနိုင်ရန်အတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများက ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

09 May

ADVERTISE HERE .