“ဥရောပမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိဟု မာကိုရူဘီယို ပြော”
09 May
အမေရိကန်၏ အရင်းအမြစ်များသည် အကန့်အသတ်ရှိသောကြောင့် အမျိုးသားအကျိုးစီးပွားနှင့်အညီ ပြန်လည်ခွဲဝေချထားပေးရန် လိုအပ်သည့်အတွက် ဥရောပမှ အမေရိကန်စစ်သည်များကို ပြန်လည်ရုပ်သိမ်းနိုင်ခြေ ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က မေလ ၈ ရက်တွင်ပြောသည်။ ဥရောပဒေသမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိသည့် အခြေအနေနှင့်ပတ်သက်၍ မာကိုရူဘီယို က သတင်းထောက်များကို ယခုကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်သည်။ “ကျွန်တော်တို့ရဲ့ အရင်းအမြစ် တွေက အကန့်အသတ်ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက အရင်းအမြစ်တွေကို အမျိုးသားအကျိုးစီးပွား အတွက် အထောက်အကူဖြစ်စေမယ့် အခြေခံမူတွေအပေါ်မူတည်ပြီး ပြန်လည်ချထားပေးရမှာ ဖြစ်ပါတယ်” ဟု ရူဘီယို ကပြောသည်။
09 May