“ဂါဘရီယယ်ဆာရာ ကို ခေါ်ယူရန်စီစဉ်နေတဲ့ အက်စတွန်ဗီလာအသင်း”

08 May

အက်စတွန်ဗီလာအသင်းက ဂါလာတာစာရေးအသင်း ကွင်းလယ်ကစားသမား ဂါဘရီယယ် ဆာရာ ကို ခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဆာရာ က ဂါလာတာစာရေးအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၈၇ ပွဲကစားပြီး သွင်းဂိုး ရှစ်ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အက်စတွန်ဗီလာအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဆာရာ ကလည်း ပရီးမီးယားလိဂ်သို့ လာရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာ အသင်းအနေဖြင့် နွေရာသီဈေးကွက်အတွင်းမှာ ဂါလာတာစာရေးအသင်းမှ ဂါဘရီယယ်ဆာရာ ကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။(NVS 008)

08 May

ADVERTISE HERE .