“လီဗာပူးလ်အသင်းမှာ ဆက်ရှိသွားမယ့် နည်းပြ အာနယ်ဆလော့”

08 May

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ က မိမိအနေဖြင့် အသင်းမှ ထွက်ခွာမည်ဆိုသော သတင်းများက ကောလာဟလ များသာဖြစ်ပြီး အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ နည်းပြ အာနယ်ဆလော့ ကို လက်ရှိအချိန်တွင် အေဂျက်စ်အသင်း က ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ၄င်းက လီဗာပူးလ်အသင်းမှာသာ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။ နည်းပြ အာနယ်ဆလော့ က လီဗာပူးလ်အသင်းကို ၂ဝ၂၄ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၁၁ဝ ပွဲတွင် ၆၆ ပွဲနိုင်၊ ၁၇ ပွဲ သရေ၊ ၂၇ ပွဲရှုံး ဆိုတဲ့ရလဒ် ပိုင်ဆိုင်ထားပါတယ်။ အသက်၄၇ နှစ်အရွယ် ရှိ နည်းပြ အာနယ်ဆလော့ က လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိသွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ အတူ အောင်မြင်မှုတွေရယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

08 May

ADVERTISE HERE .