“ပါကစ္စတန်ဝန်ကြီးချုပ်က အမေရိကန်၏ Project Freedom ဆောင်ရွက်ချက်များ ခေတ္တရပ်ထားရန် ဆုံးဖြတ်ချက်ကို ကြိုဆို”

08 May

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှာရစ်ဖ်က ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားသောသင်္ဘောများကို လမ်းကြောင်းလိုက်လံပြသပေးသည့် အမေရိကန်စစ်ရေးဆောင်ရွက်မှု (Project Freedom) အစီအစဉ်ကို ခေတ္တ ရပ်ထားရန် အမေရိကန်သမ္မတ ထရမ့်၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မေလ ၆ ရက်က ပြောကြားသည်။ အဆိုပါလှုပ်ရှားမှုသည် ဒေသတွင်းတင်းမာမှုများဖြေလျှော့ရန် အပြုသဘောဆောင်သောခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပါကစ္စတန်နှင့်ဆော်ဒီအာရေးဗီးယားအပါအဝင် အခြားနိုင်ငံများ၏ တောင်းဆိုချက်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏တုံ့ပြန်မှုသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့်ပြန်လည်သင့်မြတ်ရေး အရှိန်အဟုန်မြင့်မားလာစေရန်အတွက် ကောင်းမွန်သောလမ်းကြောင်းတစ်ခု ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဘက် ရှာရစ်ဖ်က ပြောကြားသည်။ တွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်း၊ သံခင်းတမန်ခင်းလမ်းကြောင်းမှတစ်ဆင့် ပဋိပက္ခများကို ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းစွာထိတွေ့ဆက်ဆံမှုသည် ရေရှည်တည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ် ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ Project Freedom ဆောင်ရွက်ချက်များကို ရပ်တန့်ထားရန်နှင့် ဝါရှင် တန်နှင့်တီဟီရန်ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာဆွေးနွေးမှုများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ် ကြောင်း သမ္မတထရမ့်က မေလ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 May

ADVERTISE HERE .