“ ဖိုဒန် ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီးအသင်း”
07 May
မန်စီးတီးအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန် ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဖိုဒန် ဟာ မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၇ မှာ မန်စီးတီးအသင်းအတွက် စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆၅ ပွဲကစားပြီး ၁၁၀ ဂိုး သွင်းယူထားတဲ့ ဖိုဒန် ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဖိုဒန် က မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးနေတာ ကြာပြီဖြစ်ပေမယ့် ဟာလန်း ရဲ့ အေးဂျင့်ဖြစ်တဲ့ ပီမန်တာ ဝင်ရောက်ကူညီပေးတော့မှ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အသေးစိတ်အချက်အလက်တွေ ညှိနှိုင်းဖို့ကျန်ရှိနေသေးပေမယ့် ဖိုဒန် က မန်စီးတီးအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)