“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Clean Sheet အများဆုံးရရှိတဲ့ဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ဒေးဗစ်ရာယာ”
07 May
အာဆင်နယ်အသင်းဂိုးသမား ဒေးဗစ်ရာယာ ဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ Clean Sheet အများဆုံးရရှိတဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ရာယာ ဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ၁၃ ပွဲကစားခဲ့ရာမှာ Clean Sheet ၉ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲမပြီးဆုံးခင်မှာပဲ Clean Sheet အများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီမှာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ်က ဆီနီဂေါဂိုးသမား မန်ဒီက Clean Sheet ၉ ပွဲရယူနိုင်ခဲ့ပြီး အင်္ဂလန်ကလပ်အသင်းအတွက် ချန်ပီယံလိဂ်မှာ တစ်ရာသီအတွင်း Clean Sheet အများဆုံး ရယူနိုင်သူအဖြစ် စံချိန်တင်ခဲ့တာကိုလည်း ရာယာ က လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ရာယာ က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ Clean Sheet ၁၇ ပွဲ ရှိသွားပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ၃ ရာသီ ဆက်တိုက်ရရှိခဲ့ပါပြီ ဖြစ်ပါတယ်။ (NVS 008)