“တိုင်ရာ ကို တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူမည်ဟု ဂျိုရှုအာဗန် ပြောကြား”

06 May

UFC ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျိုရှုအာဗန် က UFC 328 ပြိုင်ပွဲ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်တွင် စိန်ခေါ်သူ ဂျပန်ကြယ်ပွင့်ဖိုက်တာ တိုင်ရာ ကို တတိယအချီတွင် အလဲထိုးရလဒ်ဖြင့် အနိုင်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျိုရှုအာဗန် ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ် ပါဝင်မည့် UFC 328 ပြိုင်ပွဲကို လာမည့် မေလ ၉ ရက်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး စုစုပေါင်းတွဲဆိုင်း ၁၃ ဆိုင်းပါဝင်မည်ဖြစ်ကာ ဒုတိယဦးစားပေး ပွဲစဉ်အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်တွင် ဂျိုရှုအာဗန် နှင့် တိုင်ရာ တို့ ထိုးသတ်မှာဖြစ်ပါတယ်။ ဂျိုရှုအာဗန် ဟာ UFC ပြိုင်ပွဲတွင် ၁၈ ပွဲထိုးသတ်ထားပြီး ၁၆ ပွဲအနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိရလဒ် ရရှိထားသလို တိုင်ရာ သည်လည်း ၁၈ ပွဲထိုးသတ်ထားပြီး ၁၇ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိရလဒ် ရရှိထားပါတယ်။ UFC Countdown အင်တာဗျူးအစီအစဉ်တွင် ဂျိုရှုအာဗန် က တိုင်ရာ ဟာ ဖလိုင်းဝိတ်တန်းထဲမှာ အန္တရာယ် အရှိဆုံး ဖိုက်တာတစ်ယောက်ဖြစ်ပြီး သူက ဆွဲလှဲဖို့ ကြိုးစားလာမှာဖြစ်ကြောင်းနဲ့ သူ့ကို တတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

06 May

ADVERTISE HERE .