“WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဒူဘွိုက်စ် နှင့် ဝက်ဒ်လေ တို့ ယှဉ်ပြိုင်ထိုးသတ်မည်”

06 May

WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဗြိတိန်လက်ဝှေ့သမားများဖြစ်သည့် ဝက်ဒ်လေ နှင့် ဒူဘွိုက်စ် တို့ လာမည့် မေလ ၉ ရက်တွင် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၌ ထိုးသတ်မည်ဖြစ်ကြောင်း DAZN သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။ ဝက်ဒ်လေ က WBO ဟဲဗီးဝိတ်တန်းရဲ့ ယာယီချန်ပီယံဖြစ်ပြီး လက်ရှိချန်ပီယံမှာ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ် ဖြစ်ပြီး ၎င်းက ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ထားခဲ့လို့ ချန်ပီယံကို စိန်ခေါ်ခွင့်ရရှိထားတဲ့ ဒူဘွိုက်စ် နှင့် ထိုးသတ်မှာဖြစ်ပါတယ်။ ဒူဘွိုက်စ် ဟာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် အူဆက်ခ် နှင့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် နောက်ဆုံးထိုးသတ်ခဲ့ပြီး အဆိုပါစိန်ခေါ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းအနေနဲ့ ပထမဆုံးအကြိမ် စိန်ခေါ်ပွဲပြန်လည် ထိုးသတ်မည့်ပွဲစဉ်ဖြစ်ပါတယ်။(NVS 008)

06 May

ADVERTISE HERE .