“ပြိုင်ပွဲမပြီးဆုံးမီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရွှေလက်အိတ်ဆုကို အာဆင်နယ်ဂိုးသမား ရာယာ သုံးနှစ်ဆက်ဆွတ်ခူး”

06 May

အာဆင်နယ်အသင်းဂိုးသမား ရာယာ က ပြိုင်ပွဲမပြီးဆုံးမီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရွှေလက်အိတ်ဆုကို သုံးနှစ်ဆက်ဆွတ်ခူးနိုင်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရွှေလက်အိတ်ဆုကို ပြိုင်ပွဲကာလတစ်လျှောက် ဂိုးမပေးရသည့်ပွဲအများဆုံး ဂိုးသမားကို ပေးအပ်ခြင်းဖြစ်ပြီး ရာယာ က ပြိုင်ပွဲမပြီးဆုံးမီ ပြိုင်ဘက်အသင်းဂိုးသမားများထက် ဂိုးမပေးရသည့် ပွဲအရေအတွက် အသာစီးရရှိနေခဲ့လို့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးမပေးရသည့်ပွဲအများဆုံး ဂိုးသမားစာရင်း၌ ရာယာ က ၃၅ ပွဲ ကစားပြီးချိန်တွင် ၁၇ ပွဲဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မန်စီးတီးအသင်းမှ ဂိုးသမား ဒွန်နာရမ်မာ က ၃၁ ပွဲ ကစားပြီးချိန်တွင် ၁၃ ပွဲဖြင့် ရပ်တည်နိုင်ခဲ့ပါတယ်။(NVS 008)

06 May

ADVERTISE HERE .