“ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိပြီးနောက် မန်ယူအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်း ကိုခေါ်ယူရန်စီစဉ်တဲ့ မန်ယူ”
06 May
မန်ယူအသင်းက လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရန် သေချာပြီးနောက် ဘိုင်ယန် မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အားခေါ်ယူရန် စတင်ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ ဟယ်ရီကိန်း အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေး သော်လည်း စာချုပ်ပါအချက်အလက်များအရ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ လိုသည့်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့ကစားနိုင်မည့်အချက် ပါဝင်နေခဲ့လို့ ဟယ်ရီကိန်း ကိုယ်တိုင်က ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာဖွယ်ရှိနေပါတယ်။ မန်ယူအသင်းက ဟယ်ရီကိန်း ကို စပါးအသင်းတွင် ကစားစဉ်ကတည်းက ခေါ်ယူရန်ကြိုးပမ်းဖူးပြီး မအောင်မြင်ခဲ့ဘဲ ဟယ်ရီကိန်း က ဘိုင်ယန်မြူးနစ်အသင်းသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည် နိုင်မည့် မှတ်တမ်းကောင်းတစ်ရပ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့ ကစားလိုတာကြောင့် မန်ယူအသင်းက ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း ဟာ ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၅၂ ပွဲကစားပြီးချိန်၌ ၅၇ ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းပြလျက်ရှိကြောင်း သိရပါတယ်။(NVS 008)