“ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ASEAN+3 ဘဏ္ဍာရေးအကြီးအကဲများ အတည်ပြု”
06 May
အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများက ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုကို အတည်ပြု ခဲ့ကြသည်။ ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့၌ကျင်းပသည့် အစည်းအဝေးတွင် တာဝန်ရှိသူများက အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကာတာယာမာ ဆတ်ဆုကီ သည် ဖိလစ်ပိုင်ကိုယ်စားလှယ်နှင့်အတူ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သည်။ အစည်းအဝေးအစတွင် ဆတ်ဆုကီ က အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် မသေချာမရေရာမှုများ မြင့်တက်နေသည့်အချိန်တွင် ဒေသတွင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုသည် ယခင်ကထက် ပိုမိုအရေးကြီးလာ ကြောင်း အလေးပေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်သူများကလည်း ရေနံစိမ်းဈေးနှုန်း မြင့်တက် လာမှုကြောင့် ငွေကြေးဖောင်းပွမှုတိုးမြင့်လာနိုင်ခြင်း၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စီးပွားရေး မတည်ငြိမ်မှုအန္တရာယ်များအပေါ် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။