ကုန်ဈေးနှုန်းသတင်း ၅.၅.၂၀၂၆
05 May
မေလ ၅ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်ငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၄,၉၈၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၁၅၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၈၀ ကျပ်ကနေ ၅,၀၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၈၂၃ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၅၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၁၃၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၁,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၃၀ ကျပ်ကနေ ၁,၈၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၅၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၈၃၅ ကျပ်၊ ကြက်သွန်နီ(ဆိတ်ဖြူ) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၄,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ အာလူး(အောင်ပန်း)တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ်၊ ငါးရောင်သေး တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၇၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၁၅ ကျပ်၊ မန္တလေးမှာ ၄,၇၀၀ ကျပ်၊ နေပြည်တော်မှာ ၄,၆၄၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၆၇၀ ကျပ်၊ မန္တလေးမှာ ၄,၈၆၀ ကျပ်၊ နေပြည်တော်မှာ ၄,၈၀၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၂၇၅ ကျပ်၊ မန္တလေးမှာ ၅,၄၅၅ ကျပ်၊ နေပြည်တော်မှာ ၅,၃၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၆,၄၅၅ ကျပ်၊ မန္တလေးမှာ ၆,၆၄၅ ကျပ်၊ နေပြည်တော်မှာ ၆,၅၈၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၄၃၀,၀၀၀ိ/-) တစ်ရာ လေးသိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။