“ဂျပန်နိုင်ငံမှပေးအပ်မည့် MEXT Scholarship 2027 ကို မေလ ၁၄ ရက်မှ စတင်လျှောက်ထားနိုင်”

05 May

ဂျပန်နိုင်ငံမှ ပေးအပ်မည့် MEXT Scholarship 2027 ကို မေလ ၁၄ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရပါတယ်။ MEXT Scholarship 2027 အတွက် Undergraduate Students Program၊ College of Technology Students Program နှင့် Specialized Training College Students Program တို့ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ Undergraduate Students Program နှင့်ပတ်သက်၍ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင် စာမေးပွဲ တွင် အမှတ်ပေါင်း ၄၅ဝ နှင့်အထက်ဖြစ်စေ၊ EJU, Cambridges International (A) Level, IGCSE, GCE (A) Level စသည့် နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများတွင် အမှတ်ပေါင်း ၆၀ ရာခိုင်နှုန်းအထက် ရရှိထားသူများ လျှောက်ထား နိုင်ပါတယ်။ College of Technology Training Student Program နှင့် Specialized Training College Students Program များကို လျှောက်ထားမည့်သူများအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့်အထက်ဖြစ်စေ၊ EJU, Cambridges International (A) Level, IGCSE, GCE (A) Level စသည့် နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများတွင် အမှတ်ပေါင်း ၅၀ ရာခိုင်နှုန်းအထက်ရရှိထားသူများ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Program များအလိုက် လျှောက်လွှာပုံစံများ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များအပါအ၀င် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ ဖော်ပြထားသည့် Link များမှ တစ်ဆင့် Download ရယူပြီး ကြည့်ရှုလေ့လာလျှောက်ထားနိုင်ပါတယ်။ အဆိုပါနိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းသို့ စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

05 May

ADVERTISE HERE .