“မြန်မာ့ပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်”

05 May

မြန်မာ့ပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ မြန်မာ့ပေါ်ဆန်းဆန်တင်ပို့နိုင်ရန် Virtual စနစ်ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံ Well Luck Co.,Ltd. မှ ကိုယ်စားလှယ်များ ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံသို့ မြန်မာ့ ပေါ်ဆန်းဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့် လုပ်ငန်းစဉ်များနှင့် အမေရိကန်နိုင်ငံ၏ FDA ဆိုင်ရာ လိုအပ်ချက်များကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးခြင်းများလည်း ပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံအသီးသီးသို့ မြန်မာ့ဆန်တင်ပို့ရာတွင် ပို့ကုန်မြှင့်တင်နိုင်ရန် အထူးဦးစားပေးအစီအစဉ် အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်ပို့ကုန် မြှင့်တင်နိုင်ရေးအတွက် ပို့ကုန် လျာထားချက်များ၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ၊ ပြည်ပတင်ပို့ရာတွင် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများ၊ အခက် အခဲများ၊ Rice Export Zone ဖော်ဆောင်ရေးကိစ္စရပ်များကို ကြိုတင်ဆွေးနွေးအကြုံပြုခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။ (NVS-004)

05 May

ADVERTISE HERE .