“အီရန်ကို ဟော်မုရေလတ်ကြားဖြတ်သန်းခပေးသူများအား အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မည်”

05 May

အီရန်နိုင်ငံသို့ ဟော်မုရေလက်ကြားဖြတ်သန်းခပေးနေသည့် သင်္ဘောကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ သွားမည်ဟု အမေရိကန်အစိုးရက သတိပေးလိုက်သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ထိုရေလက်ကြားမှာပိတ်ဆို့နေပြီး အီရန်၏အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် လမ်းကြောင်းတစ်ခုတည်းမှသာ သင်္ဘောများကိုဖြတ်သန်းခပေး၍ သွားလာ ခွင့်ပြုနေခြင်း ဖြစ်သည်။ အနည်းဆုံးသင်္ဘောနှစ်စင်းက ဒေါ်လာ ၁ သန်းမှ ၂ သန်းကြားတန်ဖိုးရှိသည့် ယွမ်ငွေဖြင့် ဖြတ်သန်းခပေးချေကြောင်း သတင်းများထွက်ပေါ်နေစဉ် အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ယင်းသို့ ငွေပေးချေမှုများသည် ပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုရေလက်ကြားတစ်ဝိုက်တွင် သင်္ဘောအစင်းရေ ၂,၀၀၀ ခန့်နှင့် သင်္ဘောသားဦးရေ ၂၀,၀၀၀ ခန့် ပိတ်မိ နေပြီး စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ သမ္မတ ဒေါ်နယ်ထရမ့် က ကြားနေသင်္ဘောများ ရေလက်ကြားမှ လွတ်လပ်စွာဖြတ်သန်းနိုင်ရေးအတွက် Project Freedom စစ်ဆင်ရေးစတင်ကြောင်း ကြေညာ ထားပြီး ယင်းစစ်ဆင်ရေးတွင် စစ်သည် ၁၅,၀၀၀၊ ဖျက်သင်္ဘောများနှင့်လေယာဉ်အစင်း ၁၀၀ ကျော်တို့ဖြင့် ကူညီ ပေးမည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 May

ADVERTISE HERE .