“ဘွန်ဒစ်လီဂါကို တန်းပြန်တက်ခွင့်ရရှိခဲ့တဲ့ ရှော်လ်ကေးအသင်း”

04 May

ရှော်လ်ကေးအသင်း ဟာ ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲ ပွဲစဉ်-၃၂ မှာ ဒစ်ဆယ်ဒေါ့ဖ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဘွန်ဒစ်လီဂါကို တန်းပြန်တက်ခွင့် ရရှိခဲ့ပါတယ်။ ရှော်လ်ကေးအနေနဲ့ နှစ်ပွဲသာ ကစားဖို့ ကျန်ချိန်မှာ တတိယနေရာက သုံးပွဲကျန် ဟန်နိုဗာ ကို ၁၀ မှတ်အထိ ဖြတ်ခဲ့လို့ တန်းတက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရှော်လ်ကေးအသင်းဟာ လက်ရှိ ၆၇ မှတ်ရရှိထားပြီး ဒုတိယနေရာက သုံးပွဲကစားဖို့ ရှိနေသေးတဲ့ ပါဒါဘွန် အသင်းကို ကိုးမှတ်ဖြတ်ထားလို့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ရှော်လ်ကေး အသင်းက ၂၀၂၂-၂၃ ရာသီအပြီးမှာ ဘွန်ဒစ်လီဂါကနေ တန်းဆင်းခဲ့ရပါတယ်။ ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲမှာ သုံးရာသီကြာ ကစားခဲ့ရပြီး နောက်ဆုံးမှာတော့ တန်းပြန်တက်ခွင့်ရရှိခဲ့ပါတယ်။ (NVS 008)

04 May

ADVERTISE HERE .