“ရာသီမကုန်ခင်မှာပဲ ပေါ်တိုအသင်း အမှတ်ပေးချန်ပီယံဖြစ်လာ”
04 May
ပေါ်တူဂီအဆင့်မြင့်ဆုံးလိဂ်ဖြစ်တဲ့ Primeira Liga ပြိုင်ပွဲမှာ ပေါ်တိုအသင်းက ရာသီမကုန်ခင်မှာပဲ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပေါ်တိုအသင်းဟာ အိမ်ကွင်းမှာ Alverca အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ၃၁ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တိုအသင်းအနေနဲ့ ရာသီကုန်ဆုံးဖို့ နှစ်ပွဲအလိုမှာ ၈၅ မှတ်ရယူထားပြီး အနီးစပ်ဆုံးပြိုင်ဘက်ကို ကိုးမှတ်အထိ ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုအသင်းဟာ လေးနှစ်အတွင်း အမှတ်ပေး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟို ရဲ့ဘင်ဖီကာအသင်းက ၇၆ မှတ်နဲ့ ဒုတိယ၊ စပို့တင်းလစ္စဘွန်းအသင်းက ၇၃ မှတ်နဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။ ဘင်ဖီကာအသင်းဟာ အခုရာသီ ၃၂ ပွဲမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပေမယ့် သရေပွဲ ၁၀ ပွဲအထိရှိခဲ့လို့ ချန်ပီယံဆု လက်လွှတ်ခဲ့ရပါတယ်။ (NVS 008)
04 May