“အကောင်းဆုံးပုံစံနဲ့ ပြန်လာတဲ့ ဆာကာ ကို ချီးကျူးခဲ့တဲ့ အာတီတာ”

04 May

အာဆင်နယ်အသင်းနည်းပြ အာတီတာ က ဒဏ်ရာကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာတဲ့ ဆာကာ ကို ချီးကျူး စကားဆိုခဲ့ပါတယ်။ အာတီတာ က ဆာကာ ပြန်လည်ကစားနိုင်မှုဟာ အရေးကြီးဆုံးအချိန်မှာ အသင်းအရှိန်အဟုန်ကို မြင့်မားသွားစေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဆာကာ ဟာ ဖူလ်ဟမ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကိုယ်တိုင်တစ်ဂိုးသွင်းယူပြီး တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဆာကာ ဟာ ပြီးခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်ကာ အသင်းအတွက် ပြန်လည်ကစားပေးခဲ့ပြီး အခုပွဲစဉ်မှာတော့ ပွဲအစမှာတင် ပွဲထွက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာကာ အနေနဲ့ ဒီပွဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ကစားမှု ပွဲ ၂၀၀ လည်း ပြည့်မြောက် ခဲ့ပါတယ်။ (NVS 008)

04 May

ADVERTISE HERE .