“ဘာစီလိုနာအသင်းက နည်းပြ ဟန်ဆီဖလစ်ခ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်”
03 May
ဘာစီလိုနာအသင်းက အသင်းနည်းပြ ဟန်ဆီဖလစ်ခ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ နည်းပြ ဟန်ဆီဖလစ်ခ် အနေနဲ့ ဘာစီလိုနာအသင်းကို ၂ဝ၂၄ ခုနှစ်၊ မေလ ၂၉ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၁၁၂ ပွဲတွင် ၈၅ ပွဲနိုင်၊ ၁ဝ ပွဲသရေ၊ ၁၇ ပွဲရှုံးရလဒ်ဖြင့် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင် ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက နည်းပြ ဟန်ဆီဖလစ်ခ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး သူဟာ အသင်းအတွက် နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ စာချုပ်ကိစ္စကိုလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
03 May