“ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နည်းပြသစ်ခန့်အပ်မည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌက အတည်ပြု”

03 May

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ် က လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အသင်းနည်းပြသစ်ကို ခန့်အပ်သွားမည်ဟု အတည်ပြုခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ်ဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် နည်းပြ အလွန်ဆို ကို ခန့်အပ်ခဲ့ သော်လည်း နည်းပြ အလွန်ဆို အနေဖြင့် အသင်းမှ အဓိကကစားသမားများနှင့် ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ပြီးနောက် ရာသီဝက်ကာလတွင်ပင် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ နည်းပြ အလွန်ဆိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီကုန်ထိ ယာယီနည်းပြအဖြစ် ရီးရဲလ်မက်ဒရစ်ယူ-၂၁ အသင်းနည်းပြ အာဘီလိုအာ ကို ခန့်အပ်ခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် ပြိုင်ပွဲပြီးဆုံးရန် နီးကပ်လာသည့်အချိန်တွင် အမှတ်ပေးဇယားဦးဆောင်နေသည့် ဘာစီလိုနာအသင်းနှင့် ရမှတ် ၁၁ မှတ်ထိ ကွာဟနေပြီး ချန်ပီယံဆုကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ရာသီအကုန်တွင် ယာယီနည်းပြ အာဘီလိုအာ ကိုထုတ်ပယ်ကာ နည်းပြသစ် တစ်ဦးခန့်အပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ဥက္ကဋ္ဌ ပီရက်ဇ် ကိုယ်တိုင်က လူငယ်အသင်းနည်းပြများကို ခန့်အပ်မည် မဟုတ်ဘဲ ဥရောပအတွေ့အကြုံရှိသည့် ဝါရင့်နည်းပြတစ်ဦးကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခန့်အပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသင်းနည်းပြဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟို အနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်း နည်းပြသစ်အဖြစ် ရေပန်းစားနေကြောင်း သိရပါတယ်။(NVS 008)

03 May

ADVERTISE HERE .