“ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့မှုအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိတဲ့ ဒီကလန်ရိုက်”

03 May

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက် ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အေတီကိုနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဝေဖန်မှု ပြုလုပ်ခဲ့တဲ့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အေတီကိုနှင့် အာဆင်နယ်အသင်းတို့ တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲစဉ်အပြီးတွင် ဒီကလန်ရိုက် က အာဆင်နယ်အသင်းဘက်သို့ ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်းကို VAR စနစ်ဖြင့် ကွင်းလယ်ဒိုင်က ပယ်ဖျက်ခဲ့တဲ့အတွက် ပွဲစဉ်အပြီးတွင် ဝေဖန်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကလန်ရိုက် က ကွင်းလယ်ဒိုင်အနေနဲ့ မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းမရှိဘဲ ပရိသတ်များ ဖိအားပေးမှုများကြောင့် ပင်နယ်တီကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်တွင် ပြောကြား ခဲ့ပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ်က အရေးယူမှုလုပ်ဆောင်ရန် စွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ဒီကလန်ရိုက် ကို စွဲချက်တင်ခဲ့ပြီးနောက် အဆိုပါပွဲစဉ်မှတ်တမ်းကို စစ်ဆေး သွားမှာဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ပွဲပယ်ပြစ်ဒဏ်တစ်ခုခုကို ချမှတ်သွားဖွယ်ရှိနေပါတယ်။(NVS 008)

03 May

ADVERTISE HERE .