“အင်တာမီယာမီအသင်းက မန်ယူအသင်းမှ ကက်စ်မဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ဆွေးနွေး”

03 May

အင်တာမီယာမီအသင်းက လက်ရှိဘောလုံးရာသီအကုန်တွင် မန်ယူအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး ကိုခေါ်ယူရန် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကက်စ်မဲရိုး ဟာ ၂၀၂၂ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားခဲ့ပါတယ်။ ကက်စ်မဲရိုး အနေနဲ့ လက်ရှိတွင် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနေပြီး ပြိုင်ပွဲစုံ ၃၃ ပွဲကစားပြီးချိန်တွင် သွင်းဂိုးကိုးဂိုးနှင့် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အသင်းပရိသတ်များက သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီး အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် တောင်းဆိုခဲ့ကြသော်လည်း မန်ယူအသင်းက စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းမှုမရှိခဲ့သလို ကက်စ်မဲရိုး ကိုယ်တိုင် ကလည်း အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားတဲ့အတွက် အင်တာမီယာမီအသင်းက ခေါ်ယူနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

03 May

ADVERTISE HERE .