“ဂျာမနီနိုင်ငံ၌ တပ်စွဲထားသည့်တပ်ဖွဲ့ဝင်များအနက် ဦးရေ ၅,ဝဝဝ ကို အမေရိကန်ပြန်ရုပ်သိမ်းမည်”

03 May

ဂျာမနီနိုင်ငံ၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များအနက် ဦးရေ ၅,၀၀ဝ ကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြ ထားသည်။ အီရန်စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် ဥရောပခေါင်းဆောင်များကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ဂျာမနီရှိတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းမည့်အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။ အီရန် စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မားဇ် နှင့် အချေအတင်အငြင်းပွား ခဲ့ပြီးနောက် ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားထားသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များအနက် ဦးရေ ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမည့် အစီအစဉ်သည် လာမည့်ခြောက်လမှ ၁၂ လအတွင်း အပြီးသတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ဦးရေ ၃,၅၀၀၀ တပ်စွဲထားရာ အမေရိကန် စစ်အင်အား အများဆုံးစုစည်းထားသည့် ဥရောပနိုင်ငံဖြစ်သည်။ တပ်ဖွဲ့ဝင်ဦးရေ ၅,၀၀၀ ပြန်လည်ရုပ်သိမ်းခဲ့ပါက ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်အင်အားသည် ယူကရိန်းစစ်ရေးပဋိပက္ခ မဖြစ်ပွားမီကာလ စစ်အင်အားအဆင့်သို့ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

03 May

ADVERTISE HERE .